မာရှယ်၊ လင်ဂတ်တို့၏သွင်းဂိုးဖြင့် မန်ယူက အဲဗာတန်ကို အနိုင်ယူ (ရုပ်သံ)

1.7K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ရှင် အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်းမှာ အဲဗာတန်က ဂိုးရဖို့ ဖိကစားခဲ့ပေမယ့် ထိထိရောက်ရောက် ဖိအားမပေးနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ မန်ယူတို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ ပေါ့ဂ်ဘာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မာရှယ်က ဂိုးဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မန်ယူကပဲ ဂိုးထပ်မံရဖို့ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ လင်ဂတ်က ဂိုးဧရိယာထိပ်နားထိ ဆွဲလာပြီး အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ပွဲကျပ်ကာလအတွင်း ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့ပြီးတဲ့နောက် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်ယူအသင်းက ချယ်လ်ဆီးထက် တပွဲအသာနဲ့ ဒုတိယနေရာကို ပြန်ရောက်ခဲ့ပါတယ်။