Home
Lead Story
ကောင်းမွန်သည့်နှစ်သစ် တွေ့ကြုံရမည်ဟု အမေရိကန်သမ္မတ ပြော
DVB
·
January 1, 2018
နှစ်သစ်ကူး အခမ်းအနားမှာ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အနေနဲ့ ကောင်းမွန်တဲ့ နှစ်သစ်ကို တွေ့ကြုံရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖလော်ရီဒါပြည်နယ် ပမ်းဘိခ်ျရှိ သမ္မတထရမ့်ရဲ့ မာရာလာဂို အပန်းဖြေနေအိမ်မှာ  နှစ်သစ်ကူး အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က “အားလုံးပဲ ဟတ်ပီး နယူးရီးယားပါ။ ခင်ဗျားတို့ အထဲဝင်ပြီး ဓာတ်ပုံရိုက်ကြမှာ မဟုတ်လား။ ကျနော်တို့ ပျော်ရွင်စရာ ၂၀၁၈ နှစ်သစ်ကို ကြိုဆိုရတော့မှာပါ။ ကျနော်တို့ နှစ်သစ်ကို အခွန်တွေ လျှော့ကောက်ပြီး စတင်မယ်။ လူကြိုက်မများတဲ့ တဦးချင်း လုပ်ပိုင်ခွင့်ကို ဖယ်ရှားပြီး စတင်မယ်။ သိပ်ကောင်းတဲ့ နှစ်တစ်နှစ်နဲ့ ကြုံတွေ့ရမှာပါ။ စတော့ဈေးတွေ ဆက်ပြီး တက်နေမှာပါ။ ကုမ္ပဏီတွေဟာ အမေရိကန်နိုင်ငံမှာ ဆက်ပြီး ရင်းနှီး မြှုပ်နှံကြလိမ့်မယ်။ မကြာခင်မှာ စံချိန်တင် မြင့်တက်လာလိမ့်မယ်”  လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ နှစ်သစ်ကူး အခမ်းအနားကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတိဗ်မူချင်နဲ့ ဇနီး၊ အီဗန်ကာထရမ့်နဲ့ ခင်ပွန်းဖြစ်သူ ဂျရက်ခွတ်ရှ်နာ၊ အဲရစ် ထရမ့်နဲ့ ဇနီး၊ ဒေါ်နယ်ထရမ့် ဂျူနီယာနဲ့ သားဖြစ်သူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024