A d v e r t i s e m e n t With Us

ပြည်တွင်းထုတ် နို့မှုန့်များကို တရုတ်အစိုးရ စည်းကမ်းကြပ်မတ်မည်

တရုတ်အစိုးရက ပြည်တွင်းထုတ် မွေးကင်းစကလေး နို့မှုန့်ကဏ္ဍကို ဇန်နဝါရီ တရက်နေ့ စတင်ပြီး အတင်းကြပ်ဆုံး စည်းကမ်း ကြပ်မတ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်သစ်ကူး ကာလမှာတင် အကြီးစား အပြောင်းအလဲတွေ လုပ်နေပါတယ်။ မွေးကင်းစ ကလေးနို့မှုန့် ထုတ်လုပ်သူတွေဟာ သူတို့နို့မှုန့်တွေအတွက် တရုတ်အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနမှာ မှတ်ပုံတင်ထားတဲ့ တရားဝင်သက်သေခံလက်မှတ် ရယူရမှာဖြစ်ပြီး မရှိခဲ့ရင် တရုတ်ဈေးကွက်မှာ ရောင်းချဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ စက်ရုံတရုံဟာ ကုန်အမှတ်တံဆိပ် ၃ ခုအောက်မှာ အများဆုံးအနေနဲ့ ကုန်စည် ၉ မျိုး ထုတ်လုပ်နိုင်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က ရတဲ့ သတင်းအချက်အလက်တွေအရ တရုတ် အစားအစာနဲ့ ဆေးဝါးစီမံကွပ်ကဲရေးဌာနက မွေးကင်းစနို့မှုန့် တံဆိပ် ၈၆၇ မျိုးကို အတည်ပြုပေးခဲ့ပါတယ်။ ပြည်တွင်းစက်ရုံ ၈၅ ရုံက တံဆိပ် ၆၈၂ ခုနဲ့ နိုင်ငံခြားစက်ရုံ ၃၃ ရုံက တံဆိပ် ၁၈၅ ခုပါ။ နိုင်ငံတွင်းမှာ စုစုပေါင်း နို့မှုန့် တံဆိပ် ၂ ထောင်နီးပါး ရောင်းချနေတယ်လို့ ခန့်မှန်းထားပြီး ၆၅ ရာခိုင်နှုန်းက ဈေးကွက်ထဲကနေ ထွက်သွားရဖို့ ရှိနေတာပါ။ ဇန်နဝါရီ ၁ ရက်နေ့မတိုင်ခင် ထုတ်လုပ်ထားပြီး မှတ်ပုံတင်နံပါတ် မရသေးတဲ့ နို့မှုန့်တွေဟာ သက်တမ်းကုန်ဆုံး ရက်စွဲမကျော်ခင်ထိ ဈေးကွက်ထဲမှာ ဆက်ရောင်းနိုင်တယ်လို့ စည်းမျဉ်းက သတ်မှတ်ထားပါတယ်။ ဒါကြောင့် နို့မှုန့်ထုတ်လုပ်သူ အတော်များများက ဒီနှစ် သြဂုတ်လကတည်းက ၅၀ ရာခိုင်နှုန်းထိ ဈေးချရောင်းနေတာပါ။ တချို့ စက်ရုံတွေကတော့ ခွင့်ပြုချက် ကျန်ချိန်မှာ ဖြစ်နိုင်သမျှ အများဆုံး ကုန်စည်တွေကို ထုတ်လုပ်ဖို့ အစွမ်းကုန် လုပ်ငန်း လည်ပတ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up