A d v e r t i s e m e n t With Us

အင်္ဂလိပ်ဘာသာဖြင့် FM ရေဒီယို ဇန်န၀ါရီ ၆ ရက် စလွှင့်မည်

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်က စပြီး အင်္ဂလိပ်ဘာသာနဲ့ FM ရေဒီယို အစီအစဉ်တစ်ခု ထုတ်လွှင့်တော့မယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရွှေသံလွင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းထုတ်လွှင့်မှာဖြစ်ပြီး  မနက် ၆ နာရီကနေ  ည ၁၁ နာရီအထိ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့  သတင်းအမှန်များကို ကမ္ဘာကသိရှိဖို့၊ မြန်မာ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လွှင့်မယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ FM ရေဒီယိုကို ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ 96.1 MHz၊ မန္တလေးမြို့ နဲ့ အနီးတစ်ဝိုက်မှာ 96.5 MHz၊ နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ 96.7 MHz တို့ကနေ ဖမ်းယူနားဆင်နိုင်မှာဖြစ်ပြီး အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေကလည်း ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် Skynet ဝင်းအတွင်းကနေ  Myanmar International Radio အင်္ဂလိပ်ဘာသာကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up