ရှုံးပွဲမရှိ ဂျိုးဆက်ဖ်ပါကာနှင့်ထိုးရန် သေချာဟု ကမ္ဘာ့စူပါဟဲဗီးဝိတ်ချန်ပီယံပြော
ရှုံးပွဲမရှိ စံချိန်ရရှိထားတဲ့ ကမ္ဘာ့စူပါဟဲဗီးဝိတ်ချန်ပီယံ အန်တိုနီ ဂျော်ရွှာဟာ လာမယ့် မတ်လမှာ ရှုံးပွဲမရှိ လူငယ်လက်ဝှေ့ကျော် ဂျိုးဆက်ဖ် ပါကာနဲ့ ထိုးသတ်ဖို့ ၉၅ ရာခိုင်နှုန်းထိ သေချာနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဂျော်ရွှာဟာ WBA,IBF နဲ့ IBO ရွှေခါးပတ်ဆုရရှိထားခဲ့တဲ့ ဂျော်ရွှာဟာ ပွဲ ၂၀ ထိုးသတ်ပြီး အလဲထိုးပွဲ ၂၀ ရလဒ်ကို ရရှိထားသလို ရှုံးပွဲ လုံးဝမရှိသေးတဲ့ လက်ဝှေ့ကျော်ဖြစ်ပါတယ်။
လာမယ့် မတ်လမှာ ထိုးသတ်မယ့် အသက် ၂၅ နှစ်အရွယ် ဂျိုးဆက်ဖ်ပါကာ ဟာလည်း ၂၄ ပွဲထိုးသတ်ထားပြီး ရှုံးပွဲ လုံးဝမရှိသေးသလို အလဲထိုး ၁၈ ပွဲ ရရှိထားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဂျော်ရွှာဟာ ရွှေခါးပတ်ဆု ၅ ဆု ရှိတာမှာ ၃ ဆုကို ပိုင်ဆိုင်ထားပြီး ဖြစ်တာကြောင့် လေးခုမြောက်ရွှေခါးပတ်အဖြစ် WBO ရွှေခါးပတ်ဆုကို ရယူလိုနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဂျော်ရွှာဟာ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီနဲ့ ထိုးသတ်ချင်ကြောင်းပြောကြားထားခဲ့ပါတယ်။