တိုက်စစ်မှူးဆာလက်ကို လီဗာပူးဂန္ထ၀င်ကစားသမား ရော်ဂျာဟန့်နှင့် ခိုင်းနှိုင်းနေကြ
လီဗာပူးအသင်းရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး မိုဟာမက် ဆာလက်ကို အသင်းရဲ့ ဂန္ထဝင်ကစားသမား ရော်ဂျာဟန့်နဲ့ ခိုင်းနှိုင်းနေကြပါတယ်။
ဆာလက်ဟာ ကြားရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၁၉၆၁ ခုနှစ်က ဟန့်တင်ထားခဲ့တဲ့ နှစ်သစ်မတိုင်မီ ၂၃ ဂိုးသွင်းယူထားနိုင်တဲ့ စံချိန်ကိုလည်း မီသွားခဲ့ပါတယ်။
လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်နေရာကနေ ဆာလက်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကနေ ဂိုးတွေသွင်းယူပြီး ဆောင်းရာသီပွဲကြပ်ကာလမှာ နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။
ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီအစက ရိုးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ တောက်လျောက်ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူးတဦးလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၉၀၀၀၀ ထိရရှိနေပြီး ၂၀၂၂ ခုနှစ်ထိ စာချုပ်ချုပ်ရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။