A d v e r t i s e m e n t With Us

နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် ဘောင်းဘီနီဝတ် ကစားခဲ့သည့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲစဉ်မှာ ဘောင်းဘီအနီရောင်ကို ဝတ်ဆင်ကစားခဲ့ပါတယ်။ အာဆင်နယ်အသင်း ဘောင်းဘီအနီရောင်ကို နောက်ဆုံးဝတ်ဆင်ကစားခဲ့တာ လွန်ခဲ့တဲ့ နှစ် ၄၀ အကြာက ကျူပီအာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပြီး ပရိသတ်တွေကတော့ အဆိုပါဝတ်စုံကို စူပါမာရီယို ဝတ်စုံနဲ့ ခိုင်းနှိုင်းနောက်ပြောင်ခဲ့ကြပါတယ်။ အကြောင်းရင်းမှာ အာဆင်နယ်အသင်းရဲ့ အဝေးကွင်းဝတ်စုံနဲ့ တတိယဝတ်စုံတွေဟာ ဝက်စ်ဘရွန်းအသင်း ဝတ်စုံတွေနဲ့ အကုန်တူညီနေတဲ့အတွက် ဘောင်းဘီအရောင်ကွဲအောင် ဝတ်ဆင်ကစားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် ၈၃ မိနစ်မှာ မက်ကလင်းရဲ့ ကိုယ့်ဂိုးကို သွင်းယူမှုကြောင့် အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ပင်နယ်တီကနေတဆင့် ဂျေးရိုဒရီဂွက်ဇ်က ချေပဂိုး သွင်းယူခဲ့တာကြောင့် နယူးရီးယားညမှာ တဖက်တစ်မှတ်စီခွဲယူသွားခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up