A d v e r t i s e m e n t With Us

မကွေးနှင့် မင်းဘူးမြို့တို့တွင် ဂျင်ကလိဖြင့် ခွေးများအား လိုက်လံပစ်ခတ်

မကွေးနဲ့ မင်းဘူးမြို့တို့မှာ ညသန်းခေါင်အချိန် ခွေးတွေကို ဂျင်ကလိနဲ့ လိုက်လံ ပစ်ခတ်နေကြကြောင်း ဒေသခံတွေက ပြောပါတယ်။ ခုလို လိုက်လံပစ်ခတ်တာဟာ ဒေသတွင်း ရွှေစက်တော် ဘုရားပွဲတော်ရာသီ နီးလာတာကြောင့် ဆတ်သားခြောက်၊ ဆိတ်သားခြောက်အဖြစ် ရောင်းချဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။ "ရွှေစက်တော်ဘုရားပွဲတော်ရာသီ နီးပြီ ဖြစ်လို့ ဆတ်သားခြောက်၊ ဆိတ်သားခြောက်အဖြစ် ရောင်းဖို့ လုပ်တာလို့ တချို့က ယူဆကြတယ်။ တချို့ကတော့ ဂျင်ကလိနဲ့ အပစ်ခံထားရတဲ့ ခွေးတွေကိုသာ တွေ့ရပြီး ခွေးပျောက်သွားတယ်ဆိုတဲ့ အသံ မကြားရတာက တကြောင်း၊ ဂျင်ကလိတွေက အုတ်ရိုက်သံနဲ့ အသေအချာကို လုပ်ထားတာက တကြောင်းကြောင့် မသမာသူတွေက လက်တည့်စမ်း လေ့ကျင့်နေတာမျိုး ဖြစ်မှာကို စိုးရိမ်နေကြတယ်" လို့ သိင်္ဂါဂီရိရပ်ကွက်မှ ကိုကျော်သက်နောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ ညသန်းခေါင်အချိန်ကလည်း ဆိုင်ကယ်စီးလူတစုက ခွေးတွေကို ဂျင်လလိနဲ့ ပစ်ခတ်သွားလို့ ခွေးကောင်ရေ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပြီး မကွေးမြို့ White Heart Animal Rescue and Shelter (ဂီလာန ခွေးခြံ) က ဆေးကုသပေးနေကြောင်း သိရပါတယ်။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up