ဘရာဇီး နှစ်သစ်ကူးပွဲတော် လုံခြုံရေး ၁၂၀၀၀ ခန့် ချထား

1.4K
ဘရာဇီးအစိုးရဟာ နှစ်သစ်ကူးပွဲတော်အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ဖို့ ရဲအယောက် ၁၂၀၀၀ နီးပါး နဲ့ ရဲကားအစီး ၁၄၀၀ တာဝန်ချထားတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။
ကိုပါကာဘာနာကမ်းခြေမှာ နှစ်သစ်ကူးချိန် စက္ကန်ရေတွက်တဲ့ စင်ကို တည်ဆောက်နေတာ နောက်ဆုံးအဆင့် ရောက်နေပါပြီ။
ကမ်းခြေက မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို ခရီးသည် အယောက် ၃ သန်းနီးပါး လာကြည့်လိမ့်မယ်လို့ ဒေသခံခရီးသွားလုပ်ငန်း စီမံခန့်ခွဲသူတွေက ပြောပါတယ်။
ကမ်းခြေ ဝန်းကျင်မှာ ရဲအင်အား ၁၉၀၀ ကို တာဝန်ချပြီး လုံခြုံရေး စောင့်ကြည့်မျှော်စင် ၃၀ ကို တည်ဆောက်ထားပါတယ်။
ရဲတွေဟာ ကမ်းခြေမှာလည်း လုံခြုံရေးအခြေအနေကို စောင့်ကြည့်မှာဖြစ်ပြီး လိုအပ်လာရင် အရေးပေါ်အကူအညီနဲ့ ဆေးဘက်အကူအညီပေးဖို့ ပြင်ဆင်ထားပါတယ်။
ဒေသတွင်းမှာ လတ်တလော ကာလအတွင်း လုံခြုံရေး အခြေအနေ ယိုယွင်းလာနေလို့ လုံခြုံရေးစနစ် အားဖြည့်ထားပါတယ်။
၂၀၁၇ မှာ ရဲသား ၁၃၂ ယောက် အသတ်ခံခဲ့ရတာပါ။ ကျန်ခဲ့တဲ့ ၂၂ နှစ်အတွင်း ဘရာဇီးနိုင်ငံမှာ ရဲအယောက် ၃၀၀၀ ကျော် အသတ်ခံရတယ်လို့ ကိန်းဂဏန်းတွေက ပြသထားပါတယ်။