သံဃာအပါး ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လုံခြုံရေး တိုးမြှင့်ချထားမည်
DVB
·
December 31, 2017
၂၀၁၈ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ရက်မြတ်မှာ ကျင်းပပြုလုပ်မယ့် သံဃာအပါးတစ်သောင်းရှစ်ထောင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ အများပြည်သူလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိ ရွှေတိဂုံဘုရားမုခ်ဦးတိုင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့နဲ့အတူ ကြက်ခြေနီတပ်ဖွဲ့တွေ၊ သာသနာရေးအဖွဲ့အစည်းတွေနဲ့အတူ ရပ်မိရပ်ဖတွေအားလုံးက လုံခြုံရေးဆောင်ရွက်ပေးတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ရွှေတိဂုံစေတီတော်နဲ့ ဘုရားအနီးပတ်ဝန်းကျင်က လမ်းတွေကိုလည်းပိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၆ နာရီကစတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး နေ့လယ် ၁၂ ကျော် သံဃာအပါး တစ်သောင်းရှစ်ထောင်ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ပါတယ်။