A d v e r t i s e m e n t With Us

ကမ္ဘာတ၀န်း ၂၀၁၇ ခုနှစ်တွင် သတင်းထောက် ၈၁ ဦး သေဆုံး

သတင်းသမားတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ အနှောင့်အယှက်ပြုမှုတွေ မြင့်တက်လာလို့ ၂၀၁၇ ခုနှစ်မှာ အနည်းဆုံး သတင်းထောက် ၈၁ ဦး သူတို့အလုပ်ခွင်အတွင်း သေဆုံးသွားတယ်လို့ နိုင်ငံတကာ သတင်းထောက်အဖွဲ့ကြီးက ပြောပါတယ်။ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ကားဗုံးခွဲတိုက်ခိုက်မှုတွေလို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုတွေအတွင်း သတင်းထောက်တွေ အသက်ဆုံးရှုံးခဲ့ရတာလို့ နိုင်ငံတကာ သတင်းထောက်အဖွဲ့ကြီး (အိုင်အက်ဖ်ဂျေ) က ပြောလိုက်တာပါ။ ၂၀၁၇ ခုနှစ်မှာ သတင်းထောက် ၂၅၀ ကျော် အကျဉ်းထောင်တွေအတွင်း အကျဉ်းချခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သတင်းထောက်တော်တော်များများက မက္ကဆီကိုနိုင်ငံမှာ သတ်ခံရတာဖြစ်ပြီး အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားလို စစ်ဖြစ်နေတဲ့ နေရာတွေမှာလည်း သတင်းထောက်တွေ အများကြီး သေဆုံးခဲ့ရတာပါ။ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ လူ ၄၁ ဦး သေဆုံးခဲ့တဲ့ ကဘူး ရှီတီယဉ်ကျေးမှုဌာနမှာ အိုင်အက်စ်တွေရဲ့ အသေခံဗုံးခွဲမှုအတွင်း အနည်းဆုံး သတင်းထောက်တဦး သေဆုံးနိုင်တယ်လို့ အိုက်အက်ဖ်ဂျေက ယူဆပေမယ့် တရားဝင်အခိုင်အမာ ပြောဆိုမှုတော့ မရှိပါဘူး။ အိုင်အက်ဖ်ဂျေရဲ့ ဥက္ကဋ္ဌ ဖိလစ်လီရက်သ်က သတင်းထောက်တွေ သေဆုံးမှု ကျဆင်းပေမယ့် သတင်းထောက်တွေအပေါ် အကြမ်းဖက်မှု မြင့်တက်နေတာက လက်ခံစရာမရှိဘူးလို့ ဆိုပါတယ်။ အမျိုးသမီးသတင်းထောက် ၈ ဦး သတ်ခံခဲ့ရပြီး အဲ့ဒီအထဲက ၂ ဦးမှာ ဒိန်းမာ့က်ရေငုတ်သဘောင်္တီထွင်သူရဲ့အကြောင်းကို ရေးတဲ့ ကင်မ်ဝေါက ရေငုတ်သဘောင်္ပေါ်မှာ သေဆုံးခဲ့ကာ နောက်အမျိုးသမီး သတင်းထောက်ကတော့ သူမကားထဲ ဗုံးထောင်ပေါက်ကွဲမှုမှာ သေဆုံးသွားခဲ့ရတာလို့ ဆိုပါတယ်။ “သတင်းထောက်တွေ မကြုံဘူးအောင် အများအပြား ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံက ထွက်ပြေးတိမ်းရှောင်ရတာ၊ ထိန်းချုပ်ခံရတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီး အလွတ်သတင်းထောက်တွေကို ဥပဒေမဲ့ ခြိမ်းခြောက်တာ တိုက်ခိုက်တာ အနှောင့်အယှက်ပြုတာနဲ့ သတ်ဖြတ်တာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်” လို့ အိုက်အက်ဖ်ဂျေအဖွဲ့က ပြောပါတယ်။ တာကီနိုင်ငံက သတင်းထောက်တွေကို ဖမ်းဆီးမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး သတင်းထောက် ၁၆၀ လောက် ဖမ်းဆီးခံရတယ်၊ ဒီအရေအတွက်က ကမ္ဘာတ၀န်း ဖမ်းဆီးခံရတဲ့ သတင်းထောက်အရေအတွက်ရဲ့ ၃ ပုံ ၂ ပုံရှိတယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေများပြားပြီး သတင်းထောက်တွေအပေါ် တိုက်ခိုက်လေ့ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ကြောင်း အိုင်အက်ဖ်ဂျေက ပြောတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up