တိုက်စစ်ပြဿနာ ဖြေရှင်းရန် ဒိုင်ဘာလာကို ခေါ်ယူရန် မန်ယူကြိုးပမ်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာကို ပေါ့ဘာရဲ့ စွဲဆောင်မှုနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒိုင်ဘာလာနဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာတုန်းက ရင်းနှီးတဲ့ အသင်းဖော်တွေ ဖြစ်ပြီး မကြာခဏဆိုသလို မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာဖို့ ခေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ လူကာကူဟာလည်း အနားယူရမယ့် အခြေအနေမှာ ရှိနေသလို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာလည်း အနားယူချိန် ပိုမိုလိုအပ်နေတာကြောင့် တိုက်စစ်မှူးသစ်တစ်ဦး ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာပါ။
ဒိုင်ဘာလာကို ပေါင် သန်း ၉၀ ထိပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။