ဗုဒ္ဓဆင်းတုတော်ပေါ်တွင် မဖွယ်မရာပုံစံနှင့် ဓာတ်ပုံရိုက်သူများကို ဖမ်းဆီးတရားစွဲ

2.4K
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဗုဒ္ဓဆင်းတုတော်တွေပေါ်မှာ မဖွယ်မရာပုံစံနဲ့ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့သူတွေကို ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဝိုင်းမော်မြို့နယ်၊ ရွှေမိုးတောင်ပေါ်မှာ တည်ထားတဲ့ ရဟန္တာတထောင် ရှင်ပင်မြတ်စွာဘုရား ဆုတောင်းပြည့်စေတီတော် ရင်ပြင်ပေါ်က ဂြိုဟ်ပြေ၊ နံပြေ၊ ဗုဒ္ဓဆင်းတုတော်တွေကို ခွထိုင်တာ၊ လည်ပင်းဖက်တာ စတဲ့ ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့လို့ အရေးယူပေးဖို့ ဂေါပက ဥက္ကဋ္ဌက တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
Aung Hkasha နာမည်နဲ့ စာမျက်နှာမှာ တင်ထားတာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မုန်ဒန်အောင်ကို ဖမ်းမိပြီး ဂွမ်ဆန်အောင်ကိုတော့ မမိသေးဘူးလို့ သိရပါတယ်။
သူတို့ကို ဝိုင်းမော်မြို့မရဲစခန်းမှာ သာသနာညှိုးနွမ်းစေမှုနဲ့ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅/ ၁၁၄ တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။