တောင်အာဖရိက သမ္မတကို ရာထူးကဖြုတ်ချရန် ကြိုးပမ်းမှု ဥပဒေနှင့်မညီဟု ခုံရုံး ဆုံးဖြတ်

1.3K
တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားကို သမ္မတရာထူးကဖြုတ်ချဖို့ရည်ရွယ်တဲ့ လွှတ်တော်တွင်းကြိုးပမ်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ တောင်အာရိက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဒီဇင်ဘာ ၂၉ ရက်က ဆုံးဖြတ်လိုက်ပါတယ်။
နောက်ပြီး သမ္မတကို ရာထူးကနေဖြုတ်ချနိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ကိုလည်း အမိန့်ချမှတ်ခဲ့ပါတယ်။
သမ္မတ ဇူးမားဟာ နိုင်ငံပိုင်ငွေကြေးကို သူ့ရဲ့ အိမ်ပြင်ဆင်ဖို့အတွက် အလွဲသုံးခဲ့တယ်ဆိုပြီး လွှတ်တော်တွင်းမှာ အယုံအကြည်မရှိအဆိုတင်သွင်းဖို့ ကြိုးစားခဲ့တာပါ။
အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အခုဆုံးဖြတ်ချက်ဟာ လက်ရှိသမ္မတ ဇူးမားအတွက် နောက်ဆုံးကြုံတွေ့နေရတဲ့ တရားစီရင်ရေးဆိုင်ရာ အခက်အခဲလည်းဖြစ်ပါတယ်။
သူဟာ ၂၀၁၉ သမ္မတရွေးကောက်ပွဲမတိုင်မီ ရာထူးကနေ နုတ်ထွက်ပေးဖို့ လူထုတောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဂျက်ကော့ဇူးမားရဲ့ ပါတီဖြစ်တဲ့ ANC ပါတီ ဥက္ကဋ္ဌရာထူးကို ရမ်မဖိုဆာကို ရွေးကောက်တင်မြောက်လိုက်အပြီးမှာ သမ္မတ ဂျက်ကော့ဇူးမားရဲ့ အနေအထားဟာ အင်အားချည့်နဲ့သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။