A d v e r t i s e m e n t With Us

သောင်းနှင့်ချီ မိုးပျံပူပေါင်းများဖြင့် ပြည့်နှက်နေသည့် ဘရာဇီး ရိုးရာနှစ်သစ်ကူး

ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့ ကောင်းကင်ထက်မှာ ရောင်စုံ မိုးပျံပူဖောင်းတွေ ထောင်သောင်းချီ ပြည့်နှက်နေတာကို သောကြာနေ့က တွေ့ရတာပါ။ ရိုးရာအရ နှစ်သစ်ကူးအထိမ်းအမှတ် အနေနဲ့ လွှတ်တင်တာ ဖြစ်ပါတယ်။ မြို့လယ်မှာ ဒေသခံတွေ စုရုံးခဲ့ပြီး ဇီဝနည်းအရ ပြိုကွဲဆွေးမြေ့နိုင်တဲ့ ဘောလုံးတွေကို လူအုပ်အထက်မှာ လွှတ်တင် ခဲ့ကြပါတယ်။ ဒီပွဲကို မြို့ရဲ့ ကုန်သွယ်ရေး အဖွဲ့အစည်းက စီစဉ်ခဲ့တာပါ။ ဒီအစဉ်အလာကိုတော့ ဘရာဇီးရဲ့ ဘဏ္ဍာရေး မြို့တော် ဆောင်ပါလိုမှာ ၁၉၉၂ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up