Home
မြန်မာသတင်း
ပျောက်ဆုံး​နေ​သော အမျိုး​သမီး​ငယ်အမှု အိုင်အယ်လ်အိုထံတိုင်ကြား
နန်းမြနဒီ
·
April 26, 2012
ဧရာဝတီတိုင်း​ ​ကျေး​ရွာတခုက​နေ ရန်ကုန်မှာ အလုပ်လုပ်ရင်း​ ထိုင်း​နိုင်ငံဘက်ကို ပို့​ဆောင်ခံရပြီး​ ​ပျောက်ဆုံး​နေတဲ့​သမီး​ကို ရှာ​ဖွေ​ပေး​ဖို့​ မိဘ​တွေက ရန်ကုန်အ​ခြေစိုက် အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​ကို တိုင်ကြား​ခဲ့​ပါတယ်။ ပျောက်ဆုံး​နေတဲ့​ သမီး​ဖြစ်သူ အသက် ၂၀ အရွယ်ရှိ မနီလာ ​ခေါ် မနှင်း​လှိုင်စုကို ရှာ​ဖွေ​ပေး​ဖို့​နဲ့​ ဒီကိစ္စမှာ ပါဝင်ပတ်သက်​နေသူ​တွေကို အ​ရေး​ယူ​ပေး​ဖို့​ ဧရာဝတီတိုင်း​ မအူပင်မြို့​နယ် မလက်တို​ကျေး​ရွာအုပ်စု ဖိုး​ရွာဝဲရွာမှာ ​နေထိုင်သူ ဦး​ညီပုနဲ့​ ​ဒေါ်မာမာ​အေး​တို့​က ရန်ကုန်မြို့​မှာရှိတဲ့​ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ်ရုံး​မှာ ဧပြီ ၂၄ ရက်​နေ့​က တိုင်ကြား​ခဲ့​တာပါ။ ဒီတိုင်ကြား​မှုကို ကူညီ​ပေး​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်အဖွဲ့​က လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က အခုလို ​ပြောပါတယ်။ “အ​ကြောင်း​အရာက​တော့​ အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတမ်း​ အပိုဒ် ၄ အရ၊​ တိုင်ကြား​ခြင်း​ပေါ့​။ အိုင်အယ်လ်အို တာဝန်ခံ​တွေက​နေ အပြန်အလှန် ​မေး​မြန်း​တာပါ။ ​ဒေါ်မာမာ​အေး​နဲ့​ ဦး​ညီပုရဲ့​သမီး​ ကို သူတို့​ဆက်လက် စုံစမ်း​ပေး​ပါမယ်ဆိုပြီး​ လက်ခံထား​လိုက်တယ်။” မနီလာကို အိမ်​ဖော်အလုပ်လုပ်ဖို့​ ​ခေါ်​ဆောင်သွား​သူက ရန်ကုန်မြို့​ ဒဂုံမြို့​သစ်​မြောက်ပိုင်း​ ၃၀ ရပ်ကွက် စစ်​တောင်း​လမ်း​မှာ ​နေထိုင်တဲ့​ ​ဒေါ်မာမာဦး​ ဖြစ်ပြီး​ အလုပ်ရရချင်း​ မနီလာမိဘ​တွေကို ​ဒေါ်မာမာဦး​က လစာ​ငွေ ၆ ​သောင်း​ကို ကြို​ပေး​ခဲ့​တယ်လို့​ မစုစု​နွေး​က ရှင်း​ပြပါတယ်။ မိဘ​တွေက လစာပုံမှန် ထုတ်လို့​ရ​ပေမယ့်​ သမီး​နဲ့​အဆက်အသွယ်မရဘဲ လုပ်သက် ၉ လအကြာမှာ​တော့​ သမီး​ ​ယောကျာ်း​နောက်လိုက်​ပြေး​သွား​ပြီလို့​ အလုပ်ရှင်က မိဘ​တွေကို ​ပြောခဲ့​တယ်လို့​ မစုစု​နွေး​က ဆက်​ပြောပါတယ်။ မိဘ​တွေက မနီလာရဲ့​ မိတ်​ဆွေတဦး​ထံက​နေကြား​သိချက်အရ မနီလာဟာ ထိုင်း​-မြန်မာ နယ်စပ် မဲ​ဆောက်မြို့​ကို ​ရောက်ရှိအလုပ်လုပ်​နေပြီး​ သူ့​လုပ်စာလခကို ​ဒေါ်မာမာဦး​က လစဉ်ထုတ်ယူ​နေတယ်လို့​ ​ပြောတဲ့​အတွက် မိဘ​တွေက လူမှုအဖွဲ့​အစည်း​တွေကို တိုင်ကြား​ခဲ့​ပါတယ်။ လူမှုအဖွဲ့​အစည်း​တွေရဲ့​ ​မေး​မြန်း​မှု​ကြောင့်​ မအူပင်မြို့​နယ် စစ်ကိုင်း​ရွာက ​ဒေါ်ခင်​ငွေက ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ရှေ့​မှာ မနီလာကို မဲ​ဆောက်မြို့​ကို ကိုယ်တိုင်ပို့​ပေး​ခဲ့​တဲ့​အ​ကြောင်း​ ဝန်ခံလက်မှတ်​ရေး​ထိုး​ခဲ့​ပါတယ်လို့​ ဆိုပါတယ်။ အခု အိုင်အယ်လ်အိုထံတိုင်ကြား​ရာမှာ အဲဒီဝန်ခံချက်လက်မှတ်ပါ စာတ​စောင်ကိုလည်း​ သက်​သေအဖြစ် ​ပေး​ပို့​တိုင်ကြား​ခဲ့​ပါတယ်။ အိုင်အယ်လ်အိုရုံး​ထံ အကူအညီ​တောင်း​ တိုင်ကြား​စာကို နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်နဲ့​တကွ အစိုး​ရအဖွဲ့​ရုံး​၊​ သက်ဆိုင်ရာအုပ်ချုပ်​ရေး​ရုံး​၊​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ရုံး​နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အပါအဝင် အဖွဲ့​ပေါင်း​ ၁၁ ဖွဲ့​ဆီ ​ပေး​ပို့​ခဲ့​တယ်လို့​ မစုစု​နွေး​က ​ပြောသွား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024