Home
မြန်မာသတင်း
ဒီဇင်ဘာ ၃၁ မှ ဇန်န၀ါရီ ၁ ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမည်
DVB
·
December 30, 2017
နေပြည်တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် ၁၅:၃၀ တိုင်းထွာချက်အရ တရုတ်ပြည်မကြီးမှ ရွေ့လျားလာသော လေအေးများနှင့်ဘင်္ဂလားပင် လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများစု ဆုံမှုကြောင့် လေထုမငြိမ်သက်မှုဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ စတဲ့တိုင်းဒေသကြီးတို့နဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ မိုးထစ်ချုန်းခြင်းနဲ့ အတူ လေပြင်းတိုတ်ခတ်ခြင်းတွေကို ကြိုတင်သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024