Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ တရားမဝင် မွေးမြူရေးဝက် သယ်ဆောင်သူများကို ထောင်ဒဏ် ၁ နှစ် ချမှတ်
DVB
·
December 30, 2017
ထိုင်းနိုင်ငံက တရားမဝင် မွေးမြူရေးဝက်သယ် ဆောင်သူတွေကို မော်လမြိုင်မြို့နယ် တရားရုံးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေး ဥပဒေ ပုဒ်မ ၂၃ (ခ) အရ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာ တင်ဌေးက ပြောပါတယ်။ “သူတို့ကို တရားရုံးက တိရစ္ဆာန် ကျန်းမာ/ဖွံ့ဖြိုး ဥပဒေပုဒ်မ ၂၃(ခ) အရပေါ့၊ ထောင်ဒဏ် တစ်နှစ်ရယ်၊ ပစ္စည်းတွေအားလုံးကိုက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တာ" လို့ ဒေါက်တာတင်ဌေးက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ တရားမဝင် မွေးမြူရေး ဝက် သယ်ဆောင်လာတဲ့ ဦးဝင်မောင် အပါအဝင် ၄ ဦးကို သက်ဆိုင်ရာ မွေးမြူရေးလုပ်ငန်းအဖွဲ့က တရားရုံးကို ဦးတိုက်လျောက်ခဲ့တဲ့အတွက် ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ “ဖမ်းမိတဲ့နေ့က တိရစ္ဆာန်တွေကို ကူးစက်ရောဂါ ရှိမရှိ စစ်ဆေးခဲ့ပြီး ကူးစက်ရောဂါ မရှိဘူးလို့တွေ့ရှိတဲ့အတွက် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်ပြီး လေလံပစ်လို့ ရတာကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ထည့်သွင်းရမှာဖြစ်တယ်၊ အဲဒီအတွက် တရားရုံးက ဆက်လုပ်သွားမယ်” လို့ စားသုံးသူရေရာ ဦးစီးဌာနက ဒုဦးစီးမှူး ဦးခင်အောင်သွင်က ပြောပါတယ်။ ထိုင်းနိုင်ငံက တရားမဝင် တင်သွင်လာတဲ့ မွေးမြူရေးဝက်တွေကို ဒီဇင်ဘာ ၂၃ ရက်နေ့က မော်လမြိုင်-ဘားအံ ကားလမ်းဘေး ဆောက်လုပ်ရေး ဧည့်ရိပ်သာရှေ့မှာ ဝက်ကောင်ရေ ၇၀ လောက် ပါဝင်တဲ့ မော်တော်ယာဉ်တစ်စီးနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က မိတ္ထီလာကို သယ်ဆောင်မယ့် ယာဉ် ၂ စီးကို မော်လမြိုင် သံလွင် တံတားထိပ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တဖက်နိုင်ငံက ဝင်ရောက်လာတဲ့ မွေးမြူရေး ဝက်တွေကြောင့် မွန်ပြည်နယ်မှာ ဝက်မွေးမြူရေး လုပ်ကိုင်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ဝက်ရောဂါကျရောက်မှုဟာ တစ်နှစ်ပတ်လုံး ဖြစ်ပေါ်နေတယ်လို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်း အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးညိုမင်းက ပြောပါတယ်။ ဟိန်းထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024