A d v e r t i s e m e n t With Us

မြန်မာ့ဗိသုကာပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာ့ဗိသုကာပွဲတော်ကို ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပနေပါတယ်။ ပြည်သူ့အတွက် ဗိသုကာအမည်ရ ၃ ရက်တာ ပြုလုပ်နေတဲ့ ဒီပွဲမှာ နိုင်ငံအဆင့် အရေးပါတဲ့ ပညာရပ်ဆိုင်ရာ ခေါင်းစဉ်တွေနဲ့ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့အပြင် ဗိသုကာလက်ရာသမိုင်းပြကွက်၊ ဒီဇိုင်းပြကွက်တွေပါ ပြသနေပါတယ်။ အထူးအစီအစဉ်အနေနဲ့ ဒီဇိုင်းအလှူအဖြစ် ဗိသုကာတွေက ကိုယ်တိုင်ဆွေးနွေးပေးတဲ့ Free Design Consultation အစီအစဉ်တွေ၊ ကလေးတွေအတွက် သီးသန့်နေရာ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်ကျင်းပနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up