Home
မြန်မာသတင်း
အင်တောမြို့နယ်ခွဲအတွင်း တရားမ၀င်သစ်တန် ၅၃၀ ခန့် ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
December 30, 2017
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲအတွင်း တရားမ၀င် အင်သစ်ခွဲသားဆိုဒ်စုံ တန် ၅၃၀ လောက် ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ပါတယ်။ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက အင်တောမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်လောက်အကွာမှာ စုပုံထားတဲ့ တရားမ၀င်သစ်တွေကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ အဆိုပါတရားမ၀င်သစ်တွေကို ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024