A d v e r t i s e m e n t With Us

ဘန်ကောက်တွင် မွေးကင်းစကလေးများကို ခွေးဝတ်စုံဝတ်ပေးပြီး ခွေးနှစ်ကိုကြိုဆို

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်က ဆေးရုံတရုံမှာ မွေးကင်းစကလေးတွေကို ခွေးပုံစံဝတ်စုံလေးတွေ ဝတ်ပေးထားတာ ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ရပါတယ်။ လာမယ့် ဖေဖော်ဝါရီမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးမတိုင်ခင် အကြို ဆင်ယင်ပေးထားတာ ဖြစ်ပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ တိရစ္ဆာန် ၁၂ မျိုးက တနှစ်စီကို ကိုယ်စားပြုပြီး ၂၀၁၈ ခုနှစ်ဟာ ခွေးနှစ်ဖြစ်ပါတယ်။ ရိုးရာယုံကြည်မှုအရ နှစ်တိုင်းမှာ သီးခြားယုံကြည်မှုနဲ့ စရိုက်လက္ခဏာတွေ ရှိကြပါတယ်။ မနှစ်က တရုတ်လို ကြက်နှစ်ဖြစ်လို့ ကလေးတွေကို ကြက်ပုံ ဝတ်စုံလေးတွေ ဝတ်ပေးဖြစ်တယ်၊ ဒီနှစ်က ခွေးနှစ်ပါ၊ ဓာတ်ပုံမရိုက်ခင် ကလေးမိဘတွေဆီက ခွင့်ပြုချက် တောင်းတယ်လို့ ပေါင်လိုဆေးရုံမှ သူနာပြုက ရှင်းပြပါတယ်။ ဆေးရုံက မွေးကင်းစ ကလေးဆောင်မှာ သူနာပြုတွေက ကလေးတွေကို ခွေးပုံဝတ်စုံတွေ ဆင်ယင်ပေးပြီး အမှတ်တရ ဓာတ်ပုံရိုက်ပေးတာပါ။ ဓာတ်ပုံတွေကို နောက်ပိုင်းမှာ ဘောင်သွင်းပြီး အမှတ်တရအနေနဲ့ မိဘတွေကို လက်ဆောင်ပေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up