ဆီးရီးယား သူပုန်ပိုင် နယ်မြေထဲက နာမကျန်းဖြစ်သူ ၂၉ ဦးကို ကယ်တင်

Syrian staff from the International Committee of the Red Cross evacuate a baby in Douma in the eastern Ghouta region on the outskirts of the capital Damascus on December 26, 2017. Aid workers have begun evacuating emergency medical cases from Syria's besieged rebel bastion of Eastern Ghouta, the International Committee of the Red Cross said, after months of waiting during which the UN said at least 16 people had died. Eastern Ghouta is one of the last remaining rebel strongholds in Syria and has been under a tight government siege since 2013, causing severe food and medical shortages for some 400,000 residents. / AFP PHOTO / ABDULMONAM EASSA (Photo credit should read ABDULMONAM EASSA/AFP/Getty Images)
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက သူပုန်တွေထိန်းချုပ်ထားတဲ့ ဂေါင်တာ ဒေသမှာရှိတဲ့ နားမကျန်းဖြစ်နေသူ ၂၉ ဦးကို ဆီးရီးယားအာရပ်လခြမ်းနီးအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်မှာ  ကယ်ဆယ်ခဲ့ရပါတယ်။ အစိုးရနဲ့ သူပုန်အဖွဲ့တို့အကြားသဘောတူညီချက်အရ ဂေါင်တာ ဒေသမှာရှိတဲ့ အပြင်းအထန် နာမကျန်းဖြစ်နေသူတွေကို ကယ်ထုတ်ခွင့်ရခဲ့ပြီး အပြန်အလှန်အနေနဲ့ သူပုန်တွေ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ သဘောတူခဲ့ကြတာပါ။ ဆီးရီးယားအစိုးရပိုင် ရုပ်မြင်သံကြားကဖော်ပြရာမှာ အပြင်းအထန် နာမကျန်းဖြစ်နေသူ ၃၅ ဦးကို ဆီးရီးယား အာရပ်လခြမ်းနီအဖွဲ့က ကယ်ဆယ်ခဲ့ပြီး၊ သူပုန်တွေ ဖမ်းဆီးထားသူ ၃၄ ဦးကို လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှာ နာမကျန်းဖြစ်နေသူ ၅၀၀ ကို ကယ်ဆယ်ရာမှာ ကူညီထောက်ပံ့ဖို့  ပြီးခဲ့တဲ့ လက ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီနာမကျန်းဖြစ်နေသူတွေထဲမှာ ကလေး ၁၆၇ ဦးထိပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up