A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ၏ အကျယ်ဆုံး ကျွမ့်ခေါင် တံတားကို စတင်ဖွင့်လှစ်

တရုတ်နိုင်ငံက ယန်စီမြစ်ကို ဖြတ်ပြီးဖောက်လုပ်ထားသမျှ တံတားတွေထဲမှာ အကျယ်ဆုံးတံတားဖြစ်တဲ့ ကျွမ့်ခေါင် တံတားကို ဒီဇင်ဘာ ၂၈ ရက်က ဖွင့်လှစ်လိုက်ပါတယ်။ တရုတ်နိုင်ငံ ဟူးပေးပြည်နယ်ရဲ့ မြို့တော် ဝူဟန်မြို့မှာ တည်ဆောက်ထားတဲ့  အဲဒီတံတားဟာ ၈ လမ်းသွားရှိတဲ့ တံတားဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ တံတားဟာ စုစုပေါင်း ၉ စင်းထိရှိသွားပြီးဖြစ် ပါတယ်။ တံတားအရှည် ၈ ဒသမ ၆ ကီလိုမီတာ၊ အကျယ် ၄၆ မီတာ ရှိပြီး၊ ထရပ်ကားတွေ အဓိက ဖြတ်သန်းမောင်းနှင်မယ့် တံတားဖြစ်လာမှာပါ။

A d v e r t i s e m e n t With Us

More News
Up