A d v e r t i s e m e n t With Us

ပွဲပန်းနေသည့် လူကာကူကို အနားမပေးနိုင်သေးကြောင်း မော်ရင်ဟို ပြော

လူကာကူအနေနဲ့ မောပန်းနေပေမယ့်လည်း သူ့ရဲ့ ပေါင် ၇၅ သန်းတန် တိုက်စစ်မှူးကို အနားပေးဖို့ မဖြစ်နိုင်သေးဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ ၁၉ ပွဲမှာ မိနစ်တိုင်း ကစားထားပြီးတော့ ၁၉ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်တော့သလို အမှားတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ “လူကာကူဟာ ပွဲပန်းတဲ့ဒဏ်ကို ခံစားနေရပြီးတော့ နောက်ထပ်တိုက်စစ်မှူး တဦးဖြစ်တဲ့ ဇလာတန် အီဗရာဟီမိုဗစ်ဟာလည်း ဒူးဒဏ်ရာ အရှင်းမပျောက်ကင်းသေးဘဲ ဖြစ်နေပါတယ်။ “လူကာကူဟာ ပင်ပန်းနေပါပြီ။ ဒါပေမယ့် အနားယူခိုင်းဖို့ ကျနော်မတတ်နိုင်သေးပါဘူး။ ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ သူက မွန်းစတားတကောင်ပါ။ ဒါပေမယ့် စက်ရုပ်မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ လက်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီးတော့ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၅ မှတ်ထိ ကွာဟနေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up