Home
မြန်မာသတင်း
နှစ်သစ်ကူးရုံးပိတ်ရက်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်
DVB
·
December 29, 2017
နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ လာမယ့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်အနေနဲ့  နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့  မန္တလေးတိုင်းတို့မှာ  နေရာကွက်ကျား မိုးရွာနိုင်ပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့  ၂၄ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်နဲ့  ကရင်ပြည်နယ်တို့မှာ  နေရာ ကွက်ကျား မိုးရွာခဲ့ပါတယ်။ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အနေနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာပြီး  ရွာရန်ရာနှုန်း  ၈၀  ဖြစ်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း ထိုင်းပင်လယ်ကွေ့အတွင်းက ရွေ့လျှားလာတဲ့ အရှေ့လေပွေလှိုင်းတခုကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်းလေထု မငြိမ်မသက်ဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်ကနေ  ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်နေ့အထိ ပြည်နယ်တိုင်းတချို့မှာ  အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်တယ်လို့ သတိပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024