ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 29, 2017
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၇,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၃၅၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ ၁ အိတ်ကို ၃၇,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၆,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၁,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက် (စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်း နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းနက်(စမုံ) အများဆုံး ဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ 929
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ 929 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၇,၀၀၀ ပေါက်ဈေးရှိပြီး ကုလားပဲ အများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၆,၄၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၇၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန် အများဆုံးဝင်တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၂,၂၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA