ဘာလင်မြို့တော်ထောင်မှ ထောင်သား ၄ ဦး ထွက်ပြေးလွတ်မြောက်
ဂျာမနီနိုင်ငံ ဘာလင်မြို့တော် ထောင်ကနေ ဒီဇင်ဘာ ၂၈ ရက်နေ့က ထောင်သား ၄ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။
သူတို့ ၄ ဦးဟာ လုယက်မှုကနေ ကိုယ်ခန္ဓာ ထိခိုက်စေမှုထိ မတူတဲ့ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ကျခံနေရတာဖြစ်ပြီး ထောင်နံရံအပေါက်ကနေတဆင့် လွတ်သွားတာပါ။
ထောင်သားတွေ ထွက်ပြေးလွတ်မြောက်ကြောင်း သိရှိပြီး နာရီပိုင်းအတွင်း အရာရှိတွေက သတင်းစာရှင်းလင်းပွဲကနေ ရှင်းပြခဲ့ပါတယ်။
ကားဝပ်ရှော့နဲ့ဆက်နေတဲ့ အခန်းနားက အပူပေးခန်းကနေ ထွက်ပြေးသွားခဲ့တယ်၊ ဆက်နေတဲ့တံခါးက အမြဲ သော့ပိတ်ထားတယ်၊ ထောင်သားတွေဟာ အသက် ၂၅ နှစ်ကနေ ၃၈ နှစ်ကြား အမျိုးသားတွေပဲလို့ ဘာလင် အထက်လွှတ်တော် တရားရေးဌာန ကိုယ်စားလှယ်က ပြောပါတယ်။
ထောင်အနားက ဝင်ပေါက်မှာ ထားတဲ့ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ အမျိုးသား ၄ ဦး အပေါက်ကနေ ဘယ်လိုတွယ်တက်ခဲ့တယ်ဆိုတာ ပြသထားပါတယ်။