အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း အင်ဒိုးမြို့မှာ ရန်ဂျိတ်ဆင်းဆိုတဲ့ လမ်းပြပုလိပ်တဦး ကပြဖျော်ဖြေရင်း လမ်းရှင်းနေတဲ့ ရုပ်သံ အင်တာနက်စာမျက်နှာတွေမှာ ရေပန်းစားနေပါတယ်။
အိန္ဒိယနိုင်ငံ အင်ဒိုးမြို့မှာ လမ်းစည်းကမ်းချိုးဖောက်သူဟာ လမ်းပြပုလိပ် ရန်ဂျိတ်ဆင်းနဲ့ တွေ့ရပါလိမ့်မယ်။
ရန်ဂျိတ်ဆင်းကို အိန္ဒိယရဲ့ ကပြဖျော်ဖြေရင်း လမ်းပြနေတဲ့ ပုလိပ်အဖြစ် လူသိများကြပြီး ဟောလိဝုဒ်လောကက သူ့အတွက် အထင်ကြီးလှုံ့ဆော်ရာနေရာ ဖြစ်နေတာပါ။
သူ့မှာ သူအရမ်းကြိုက်နှစ်သက်တဲ့ ဗြိတိန် နာမည်ကြီးအဆိုတော် ဖရက်ဒီမာကျူရီလို နှုတ်ခမ်းမွေးတွေလည်းရှိပြီး အိန္ဒိယ လူမှုကွန်ရက်ထဲမှာတော့ ဆင်းက သရုပ်ဆောင်တယောက်လို နာမည်ကျော်ကြားနေတယ်လို့ ဆိုပါတယ်။
သူ ကပြဖျော်ဖြေရင်း လမ်းရှင်းလို့ လမ်းစည်းကမ်း ဖောက်ဖျက်မှုတွေ လျော့ကျသွားတယ်လို့ သူက အခိုင်အမာ ပြောလိုက်ပါသေးတယ်။
ရန်ဂျိတ်ဆင်းရဲ့ နည်းလမ်းက မီးပွိုင့်မှာ ယာဉ်ကြောပိတ်ဆို့မှုကိုပါ လျော့ကျစေလားလို့ အိန္ဒိယတက္ကသိုလ်က သူ့ရဲ့နည်းလမ်းတွေကို လေ့လာ သုတေသနပြုနေတယ်လို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။