နယူးယောက် လူနေတိုက်ခန်းတခုတွင် မီးလောင်၊ ၁၂ ဦး သေဆုံး
အမေရိကန်နိုင်ငံ နယူးယောက်မြို့က လူနေတိုက်ခန်းတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံးသွားတယ်လို့ ဘီဘီစီသတင်းမှာ ဖြော်ပထားပါတယ်။
နယူးယောက်မြို့က ဘရောက်စ်ဧရိယာမှာရှိတဲ့ လူနေတိုက်ခန်း မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမား ၁၆၀ ကျော် မီးငြှိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဌာနရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။
ည ၇ နာရီလောက်မှာ အထပ်ငါးထပ်ရှိတဲ့ လူနေအဆောက်အဦရဲ့ တတိယထပ်ကနေ မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ အေဘီစီသတင်းဌာနရဲ့ နယူးယောက်မြို့က သတင်းဌာနခွဲ WABC ရုပ်သံက ထုတ်လွှင့်ကြေညာခဲ့ပါတယ်။