စည်းကမ်းဖောက် ရပ်တန့်ထားသည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူမည်
DVB
·
December 29, 2017
ယာဉ်မရပ်ရ နေရာတွေမှာ စည်းကမ်းဖောက်ဖျက်ပြီး ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တွေကို ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတိပေးလိုက်ပါတယ်။
ရန်ကုန်မြို့တွင်း မောင်းနှင်သွားလာနေတဲ့ ကားမောင်းသူတွေဟာ နေ့စဉ် စည်းကမ်းချိုးဖောက်မှုတွေကြောင့် ယာဉ်ကြော ကျပ်တည်းပိတ်ဆို့မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်နေတာကို စိစစ်တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ယာဉ်မရပ်ရတဲ့နေရာမှာ ရပ်တဲ့ကားတွေ၊ နှစ်ထပ်ရပ်ထားတဲ့ ကားတွေ၊ ဖြူနီကျား ရေးဆွဲထားတဲ့ နေရာမှာ ရပ်တဲ့ကားတွေနဲ့ အချက်ပြ မီးပွိုင့်ဧရိယာထဲမှာ ရပ်တန့်ထားတဲ့ ကားတွေအားလုံးကို ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေး နှိုးဆော်ချက်မှာ ဖော်ပြပါတယ်။