အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကြောင့် ရုရှားနှင့်ဂျပန် ဆက်ဆံရေး ထိခိုက်နိုင်

ဓာတ်ပုံ - Kyodo
အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဂျပန်မြေမှာ တပ်ချထားဖို့ ဆုံးဖြတ်ချက်ဟာ ရုရှားနဲ့ ဂျပန်ကြား ဆက်ဆံရေးကို ထိခိုက်စေမယ်၊ ဒါဟာ အထင်ကရဖြစ်တဲ့ လက်နက်ထိန်းချုပ်မှု သဘောတူညီချက်ကို အမေရိကန် အစိုးရက ချိုးဖောက်မှုဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။ ဂျပန်ဟာ သူ့ရဲ့ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို အမေရိကန်လုပ် မြေပြင်အခြေစိုက် အေးဂျက်စ် ရေဒါရုံတွေနဲ့ ကြားဖြတ်ဟန့်တားစက်တွေနဲ့အတူ တိုးချဲ့ဖို့ ဒီလထဲမှာ တရားဝင် ဆုံးဖြတ်ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေ တိုးလာတာကို တုံ့ပြန်ဖို့လည်း ဖြစ်ပါတယ်။ ရုရှားနဲ့ ဂျပန်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေလို့ ဒုတိယကမ္ဘာစစ်အပြီးမှာ သူတို့ရဲ့ စစ်ပြုမှုကို တရားဝင် အဆုံးသတ်တာမျိုး မလုပ်ခဲ့ပါဘူး။ ရုရှားနဲ့ ဂျပန်ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာ ဒီသဘောတူညီချက်က ဂျပန်အစိုးရရဲ့ မဟာမိတ်တွေအပေါ် လုံခြုံရေး ကတိသက်ရောက်မှုဆိုတဲ့ အချက်လည်း ပါလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အရင်လက ပြောခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံက မင်းမင် စစ်တပ်အခြေစိုက်စခန်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖြစ်ရပ်ကိုလည်း ဇာခါရိုဗာက ပြစ်တင်ရှုတ်ချပါတယ်။ ရုရှားရဲ့ လေယာဉ်ပစ် ကာကွယ်ရေးစနစ်တွေက စစ်တပ် အခြေစိုက်စခန်းကို ချိန်ရွယ်ပြီး ဒုံးကျည် ၂ စီးနဲ့ ပစ်ခဲ့တယ်လို့ အင်တာဖက်စ် သတင်းဌာနက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up