အိန္ဒိယဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် မီးလောင်၊ အနည်းဆုံး လူ ၁၂ ဦး သေဆုံး

ဓာတ်ပုံ - Indian Express
1.4K
အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ မနေ့ညနက်ပိုင်းက မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ ဒေသခံ အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
ကာမာလာမေးလ်စ် အဆောက်အဦဝင်းပတ်လည်မှာ ဒါဇင်နဲ့ချီတဲ့လူတွေ စုရုံးရောက်နေပြီး မီးငြှိမ်းဖို့ ကြိုးစားနေတာကို ရိုက်ကူးထားတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာပါတယ်။
အပေါ်ထပ်ကစလောင်တဲ့ မီးဟာ မိနစ် ၃၀ မပြည့်ခင် အဆောက်အဦ တခုလုံးကို လောင်ကျွမ်းခဲ့တာလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဒေသစံတော်ချိန် ညသန်းခေါင် ၁၂ နာရီခွဲလောက်မှာ မီးလောင်ကြောင်း ဖုန်းဆက် သတင်းပေးတာကို မီးသတ်ဌာနက လက်ခံရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။