A d v e r t i s e m e n t With Us

တရုတ်ပြည် ဒုတိယအရှည်ဆုံးမြစ်ထဲ ရေခဲချပ်များ ပေါလောပေါ်နေ (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးခရိုင်ထဲက ရေခဲနေတဲ့ နိုင်ငံရဲ့ ဒုတိယအရှည်ဆုံး မြစ်ဝါမြစ် (Yellow River) တလျှောက် ရေခဲချပ်တွေ ပေါလောပေါ်ကာ မြင်ရခဲတဲ့ မြင်ကွင်းအလှကို စီဂျီတီအန်သတင်းမှာ ဖော်ပြထားပါတယ်။ အေးလွန်းတဲ့ရာသီဥတုက မြစ်ဝါမြစ်ကို ရေခဲတွေ စီးဆင်းရာအဖြစ် ပြောင်းလဲစေခဲ့တာပါ။ ဒီမြစ်ဟာ အာရှတိုက်ရဲ့ တတိယအရှည်ဆုံးမြစ်လည်းဖြစ်ပြီး မြစ်ရဲ့တစိတ်တပိုင်း ရေခဲကာ အပူချိန်ကျသွားပြီးနောက် ရေခဲချပ်တွေ မြစ်ထဲ ပေါလောပေါ်နေတာပါ။ မြစ်ဝါမြစ်ဟာ တနှစ်မှာ ရက်ပေါင်း ၁၀၀ အထိ ရေခဲတယ်လို့လည်း သိရပါတယ်။ ရေကြီးရေလျှံမှု ဖြစ်နိုင်တဲ့အတွက် မြစ်ထဲက ရေခဲချပ်တွေရဲ့ ရွေ့လျားမှုကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up