A d v e r t i s e m e n t With Us

ဂျေရုဆလင်တွင် အသစ်ဆောက်လုပ်မည့် ဘူတာရုံကို ဒေါ်နယ်ထရမ့်အမည်ပေးရန် စီစဉ်

ဓာတ်ပုံ - အီးပီအေ
အစ္စရေး သယ်ယူပို့ဆောင်ရေးဝန်ကြီး ယစ်စ်ရေးကတ်ဇ် (Yisrael Katz) က ဂျေရုဆလင် မြို့ဟောင်းအောက်မှာ ဥမင်လိုဏ်ခေါင်း မီးရထားလမ်းတခု ဖောက်လုပ်ဖို့ စီစဉ်နေပြီး အစ္စရေးတို့ အထွတ်အမြတ်ထားရာ အနောက်တံတိုင်း (Western Wall) ဘေးက ဘူတာရုံကို ဒေါ်နယ်ထရမ့်ဘူတာရုံလို့ အမည်ပေးမယ်လို့ သိရပါတယ်။ ဥမင်ရထားလိုင်းမှာ ဘူတာရုံ ၂ ခု ရှိမှာဖြစ်ပြီး ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်လိုက်တဲ့ အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုချင်တဲ့အတွက် အခုလို လုပ်တာလို့ မစ္စတာကတ်ဇ်က ပြောပါတယ်။ “အနောက်တံတိုင်းက ဂျူးလူမျိုးတွေရဲ့ အမြင့်မြတ်ဆုံးနေရာဖြစ်တယ်။ ဒါကြောင့် ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်နဲ့ ရဲရင့်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဘူတာရုံကို သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။" အနောက်တံတိုင်းဟာ ဂျူးတွေ ဆုတောင်းဝတ်ပြုဖို့ ခွင့်ပြုထားတဲ့ အမြင့်မြတ်ဆုံး နေရာဖြစ်ပါတယ်။ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ မီးရထားဥမင်လိုဏ်ခေါင်းနဲ့ ဘူတာရုံဟာ တယ်လ်အဗစ်မြို့ကနေ တိုးချဲ့ဆောက်လုပ်ထားပြီး နောက်နှစ်မှာဖွင့်ဖို့ စီစဉ်ထားတဲ့ အမြန်ရထားလိုင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားမယ်လို့ သိရပါတယ်။ ဂျေရုဆလင်မြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ရွေးချယ်ထားလို့ အနောက်တံတိုင်းနားမှာ မြေအောက်မီးရထားဥမင်လိုဏ်ခေါင်း ဆောက်မယ့်ကိစ္စကို စိုးရိမ်ပူပန်ကြောင်း ယူနက်စကိုကလည်း ပြောပါတယ်။ မစ္စတာကတ်ဇ်က တယ်လ်အဗစ်-ဂျေရုဆလင် ရထားလိုင်း တိုးချဲ့မှုက သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အရေးကြီးဆုံးစီမံကိန်း ဖြစ်တယ်လို့ အစ္စရေးသတင်းစာတစောင်ကို ပြောခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up