သံဃာအပါး ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ရွှေတိဂုံလုံခြုံရေးတိုးမြှင့်
ကိုမောင်
·
December 29, 2017
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂိုဏ်းပေါင်းစုံ သံဃာတော်အပါး ၁၈၀၀၀ ဖြင့် ဗုဒ္ဓာဘိသေက အနေကဇာတင် မဟာမင်္ဂလာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားအတွက် ဒီကနေ့မနက် ကစပြီး ဘုရားအရှေ့ဘက်မုဒ်က ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးစောင်ကြပ်နေတာကို တွေ့ရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ အခမ်းအနားကျင်းပမယ့် ဇန်နဝါရီလ ၁ ရက်နေ့အထိ လမ်းဘေးဈေးသည်တွေကိုလည်း ရှင်းလင်းထားပါတယ်။ ဘုရားစောင်းတန်းက ဈေးဆိုင်ခန်းတွေကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ဇန်နဝါရီလ ၁ ရက်နေ့အထိ ခေတ္တပိတ်ထားရမှာ ဖြစ်ပါတယ်။
ရွှေတိဂုံဘုရားပေါ် တက်ရောက်ဖူးမြော်ဖို့ကိုလည်းခမ်းအနားကျင်းပမယ့်ရက်မတိုင်ခင် ဒီဇင်ဘာ ၃၁ ရက်ညနေ ၄ နာရီကနေ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအထိ နာရီပေါင်း ၂၀ ယာယီပိတ်ထားမယ်လို့ ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။