A d v e r t i s e m e n t With Us

ဒဏ်ရာရခဲ့သည့် မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ အနားယူရမည်

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီဟာ နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာထပ်ရခဲ့တာကြောင့် အနားယူရဖို့ ရှိနေပါတယ်။ ကွန်ပနီအနေနဲ့ ပွဲအစ ၁၁ မိနစ်မှာပဲ ခြေသလုံးဒဏ်ရာရခဲ့လို့ တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်စ်နဲ့ လူစားလဲခဲ့ရတာပါ။ ကွန်ပနီရဲ့ဒဏ်ရာကို စစ်ဆေးနေဆဲဖြစ်ပြီး ဘယ်လောက်အထိ အနားယူရမလဲဆိုတာ မသိရသေးဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ အသက် ၃၂ နှစ်ရှိ အသင်းခေါင်းဆောင် ကွန်ပနီဟာ ၂၀၀၉ ခုနှစ်မှာ မန်စီးတီးကို ရောက်ရှိလာပြီးနောက်ပိုင်း ဒဏ်ရာ ၁၈ ကြိမ် ရခဲ့တာပါ။ ကွန်ပနီအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၃ ရက်က ဘုန်းမောက်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး အခုတခါ နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာထပ်ရခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ကွန်ပနီ ဒဏ်ရာရသွားတဲ့အပြင် ခေါ်ယူဖို့ချိတ်ဆက်နေတဲ့ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကလည်း လီဗာပူးအသင်းဆီ ပြောင်းရွှေ့သွားတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နောက်ခံလူသစ် ထပ်ခေါ်ရဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up