A d v e r t i s e m e n t With Us

စိန့်ပီတာစဘတ် ဈေးဝယ်စင်တာပေါက်ကွဲမှု အကြမ်းဖက်လုပ်ရပ်ဖြစ်ဟု ပူတင် ပြော

ဓာတ်ပုံ - ရိုက်တာ
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ဈေးဝယ်စင်တာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲမှုဟာ အကြမ်းဖက်ဝါဒလုပ်ရပ်ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီဇင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းတွေအတွက် ကရင်မလင် နန်းတော်မှာ ကျင်းပတဲ့ ဆုပေးပွဲအတွင်း ခုလိုပြောလိုက်တာပါ။ ပြည်ထောင်စုလုံခြုံရေးဌာနက အကြမ်းဖက်လုပ်ရပ် ကျူးလွန်ဖို့ ကြိုးစားမှုတရပ်ကို လတ်တလောမှာ ဟန့်တားနိုင်ခဲ့တယ်လို့လည်း ပူတင်က ပြောပါတယ်။ တကယ်လို့ ဆီးရီးယားနိုင်ငံထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်နေတဲ့ ထောင်နဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေကို အိမ်ပြန်ခွင့်ပြုခဲ့မယ်ဆိုရင် ရုရှားရဲ့ လုံခြုံရေး အခြေအနေက အများကြီး ပိုဆိုးလာလိမ့်မယ်လို့လည်း ပူတင်က ပြောပါတယ်။ မနေ့က ပြည်ထောင်စုလုံခြုံရေးဌာန ညွှန်မှူးကို အမိန့်ပေးခဲ့ပြီးပြီ၊ ဒီလူဆိုးတွေကို ဆက်ဆံရာမှာ သူတို့ကို ဖမ်းမိခဲ့ရင် ဥပဒေအရ လှုပ်ရှားရမယ်၊ ဒါပေမယ့် ကျနော်တို့ အရာရှိတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာခဲ့မယ်ဆိုရင် အရှင်မဖမ်းဘဲ နေရာမှာတင် အသေသတ်သင့်တယ်လို့ အမိန့်ပေးခဲ့ကြောင်း ပူတင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up