A d v e r t i s e m e n t With Us

မုံရွာမြို့အနီး ပြင်းအား ရစ်ခ်ျတာစကေး ၅.၂အဆင့်ရှိမြေငလျင်လှုပ်

မြန်မာနိုင်ငံပြည်တွင်း မုံရွာမြို့ရဲ့  အနောက်-အနောက်တောင်ဘက် ၅၅မိုင်ခန့်အကွာကို ဗဟိုပြုပြီး  အင်အားရစ်ခ်ျတာစကေး ၅.၂အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဒီမနက်အစောပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ၂၉ရက် မြန်မာစံတော်ချိန် မနက် ၂နာရီ ၅၃နစ် ၃၄စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းမှ အနောက်ဘက် ၁၁၆မိုင်ခန့် ကွာဝေးတဲ့နေရာမှာလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုကို မုံရွာမြို့အနီးနားဝန်းကျင်မြို့တွေက ဒေသခံတွေ သိရှိခံစားလိုက်ရပေမယ့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုသတင်းတွေကတော့ မၾကားသိရေ သးပါဘူး။ ဓာတ္ပံု-မိုးဇလ

A d v e r t i s e m e n t With Us

More News
Up