Home
မြန်မာသတင်း
အဂတိလိုက်စားသည့် ရဲအုပ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
DVB
·
December 28, 2017
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့  တရားစွဲဆိုခံရတဲ့ ရေးမြို့ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင်ကို ပြစ်မှုထင်ရှားတဲ့အတွက် ဒီဇင်ဘာ ၂၀ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံ စေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်၊ ကန်တာ ယာဉ်တိမ်းမှောက်မှုမှာ အမှုစစ်အရာရှိ ရဲအုပ် ကျော်သက်ခိုင်က ငွေတောင်းခံတာ၊ မတရားအမှုဆင် တရားစွဲဆိုတာတွေ လုပ်ခဲ့လို့  အရေးယူ ပေးပါဆိုပြီး  နစ်နာသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို  တိုင်ကြားခဲ့တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ရာမှာ အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင်ဟာ အမှုစစ်ရဲအရာရှိရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး  လာဘ်ငွေတွေ တောင်းခံရယူခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ အခုလို အရေးယူခဲ့တာဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024