A d v e r t i s e m e n t With Us

မင်းတုန်းမြို့နယ် လယ်​​တောထဲတွင် ရွာသား ၁ ဦး ဓားဖြင့်ခုတ်ခံရ

မ​ကွေးတိုင်း​ဒေသကြီး ​မင်းတုန်းမြို့နယ် ​ဥယဉ်​ပု​ကျေးရွာအနီး လယ်​​တောထဲမှာ ဒီဇင်​ဘာ ၂၇ ရက်​​ ည​နေ ၆ ရီလောက်က ရွာသား ၁ ဦး ဓားခုတ်​ခံရပြီး သတိ​မေ့လဲကျ​နေလို့ သွား​ရောက်​ကူညီကယ်​ဆယ်​ရင်း ဓားနဲ့ ခုတ်​သူကို တပါတည်း ဖမ်းဆီးရမိခဲ့တယ်​လို့ မင်းတုန်းမြို့မရဲစခန်းနယ်​ထိမ်း​ခေါင်း​ဆောင်​ ဒုရဲအုပ်​​အောင်​မိုးဝင်းက ​ပြောပါတယ်​။ “ဓားငှားတဲ့ ပြဿနာရှိဖူးလို့ ရန်​စနဲ့ခုတ်​တာလို့ ​ပြောတယ်​။ ရွာလို့သာ​ ပြောတာ ​တောထဲက လယ်​တဲမှာ အ​ဝေးကြီးသွားရတာ”လို့ ဒုရဲအုပ်​​အောင်​မိုးဝင်းက​ ပြောပါတယ်​။ ဥယဉ်​ပု​ကျေးရွာရဲ့ အ​ရှေ့​မြောက်​ဘက်​ ၄ မိုင်​အကွာကပဲ အခင်း​စောင့် နေထိုင်​တဲ့ ဦး​အောင်​ရှိန်​(၄၆-နှစ်)​ဟာ အိမ်​သို့ပြန်​လာချိန်မှာ တဲနီးနေထိုင်သူ ဘိုတိ​ ခေါ် ထွန်း​အောင်​ရှိန်​က​ နောက်​ကလိုက်​ကာ ဓားနဲ့ ခုတ်​တာလို့ဆိုပါတယ်။ ဦး​အောင်​ရှိန်​ရဲ့ ညီမဖြစ်​သူ မဝိုင်းစိန်​က "ဓားဒဏ်​ရာ​တွေနဲ့ လဲနေတာ​တွေ့လို့ အ​မေ့ကိုဖုန်းဆက်​ပြီး ရွာကလူ​တွေအကူညီ​ခေါ်ရတယ်​။ မြို့က ​စေတနာ မွန်​လူမှုကယ်​ဆယ်​​ရေးကား ​ရောက်​လာပြီး ​ဆေးရုံကိုပို့ရတယ်​။ ဒဏ်​ရာ​တွေက​တော့ ဝဲဘက်​နား ရွက်​​အောက်​ဂုတ်​ပိုး ၄ လက်​မခန့်​ပြတ်​ရှဒဏ်​ရာ၊ ဦး​ခေါင်း ဝဲဘက်​ပြတ်​ရှ ဏ်​ရာတချက်​၊ ​မေး​စေ့ပြတ်​ရှ ဒဏ်​ရာတချက်​တို့ ဖြစ်​တယ်​” လို့ ​ပြောပါတယ်​။ မြို့နယ်​​ဆေးရုံအုပ်​ကြီး​ ဒေါက်​တာထွန်းလင်း​အောင်​က “​ရောက်​လာ​တော့ ​BP က ဇီးရိုးဘဲ​သွေး ၂ ပုလင်း သွင်းရတယ်​။ အခု​တော့​  အခြေအနေကောင်းတယ်​​။ စောင့်ကြည့်အ​နေအထားပါပဲ စိုးရိမ်​ရတယ်”လို့ ​ပြောပါတယ်​။ အမှုကို မင်းတုန်းမြို့မရဲစခန်းက (ပ) ၁၃၆/၁၇ နဲ့ အမှုလက်​ခံပြီး ရာဇသတ်​ကြီး ပုဒ်​မ ၃၂၆ နဲ့ အမှုကို ရဲအုပ်​စိုးမိုး​အောင်​က  စစ်​​ဆေး​နေပါတယ်​။ သတင်း - ​နေမှူးလူ

A d v e r t i s e m e n t With Us

More News
Up