၅၂ လမ်း ညဈေးတွင် ဈေးရောင်းချရန် စမတ်ကတ်များစတင်ထုတ်ပေး
DVB
·
December 28, 2017
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၂ လမ်း၊ နေ့/ညဈေးမှာ ဈေးသည်တွေ ဈေးစတင်ရောင်းချနိုင်ဖို့အတွက် စမတ်ကတ်တွေ ဒီနေ့ စတင်ထုတ်ပေးနေပါတယ်။
ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့အတွက်နဲ့ လမ်းဘေးဈေးသည်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ စနစ်တကျ ဈေးရောင်းချနိုင်ဖို့ ရည်ရွယ်ပြီးတော့ ခုလို ၅၂ လမ်း နေ့/ညဈေးကို ဖွင့်လှစ်ရတာလို့ ပုဇွန်တောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရုံးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ စည်ပင်သာယာက တာဝန်ရှိသူတွေ၊ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး စမတ်ကတ်တွေကို စတင်ထုတ်ပေးနေတာ ဖြစ်ပါတယ်။
၅၂ လမ်း၊ နေ့/ညဈေးကို ဇန်နဝါရီ ၃ ရက်နေ့ နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့ ပြောင်းလဲပြီး ဈေးဆိုင်ဖွင့်လှစ်ခြင်း မရှိပါက ဈေးဆိုင်ခန်းတွေ ပြန်လည်သိမ်းယူသွားမှာဖြစ်ပြီး စည်ပင်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။