A d v e r t i s e m e n t With Us

ရေခဲမြစ်ထဲ ပြုတ်ကျနေသည့် အဘွားအိုကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း အိုင်းဘေးခရိုင် ဘောက်ဒင်းမြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ရေခဲမြစ်ထဲ ပြုတ်ကျနေတဲ့ အသက် ၇၀ အရွယ် အဘွားအိုကို အမျိုးသားတဦးက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှီလိုင်ဆိုသူ အမျိုးသားဟာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ပုံမှန်အတိုင်း အလုပ်သွားစဉ် ရေခဲတမျှ အေးခဲနေတဲ့မြစ်ထဲ ချော်ကျပြီး ပြန်မတက်နိုင်တဲ့ အဘွားအိုတဦးကို မြင်တွေ့ရပါတယ်။ ရှီလိုင်ဟာ ချက်ချင်းဆိုသလို အေးခဲနေတဲ့ ရေခဲမျက်နှာပြင်ကို ထိုးခွဲပြီး အဘွားအိုကို ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ပါတယ်။ အဘွားအိုဟာ အေးခဲမှုကြောင့် တကိုယ်လုံး တောင့်တင်းနေပြီး မြစ်ကမ်းပါးပေါ် ပြန်တက်ဖို့ လုံးဝ အင်အားမရှိတော့ပါဘူး။ အဲဒီအဘွားအိုကို ရှီလိုင်နဲ့အတူ အိမ်နီးချင်းတဦးက မြန်မြန်ဆန်ဆန် ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up