လီဗာပူးအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူမိဟု ဆောက်သမ်တန်နောက်ခံလူပြော

1.8K
ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူကျေနပ်မိတယ်လို့ လီဗာပူးကစားသမားသစ် ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။
ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မတိုင်မီမှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရခဲ့တာပါ။
လီဗာဗူးအသင်းအနေနဲ့ ဟော်လန်နောက်ခံလူ ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်းအထိ ပေးခဲ့ရလို့ ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူအဖြစ် စံချိန်တင်ခဲ့ပါတယ်။
လီဗာပူးကစားသမား ဖြစ်လာတဲ့အတွက် မိမိနဲ့ မိသားစုဝင်တွေအတွက် ဂုဏ်ယူစရာဖြစ်ပြီး နည်းပြ ဂျာဂန်ကလော့ပ်ရဲ့ လက်အောက်မှာ ခြေစွမ်းပြဖို့ မစောင့်နိုင်လောက်အောင် ဖြစ်မိတယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။
ဒါ့အပြင် ဒီလို အခွင့်အရေးရဖို့အတွက် အသင်းပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့ ဆောက်သမ်တန်အသင်း တာဝန်ရှိသူတွေ၊ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ ဗဟိုခံစစ်ကစားသမား ဗန်ဒိုက်ဟာ လီဗာပူးအသင်းမှာ ကျောနံပါတ် ၄ ဝတ်ဆင်ကစားမှာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်မှာ အသင်းနဲ့ စတင်ပူးပေါင်းမှာ ဖြစ်ပါတယ်။