A d v e r t i s e m e n t With Us

တရားမဝင်အမဲသားများ မန္တလေးမြို့တော်စည်ပင် ဖမ်းဆီးအရေးယူ

မန္တလေးမြို့ စည်ပင်နယ်နိမိတ် ခြောက်မြို့နယ်အတွင်းမှာ သားသတ်လိုင်စင်ရှိပေမယ့် ရပ်ကွက်အတွင်း အမဲအသားဖော်တာတွေ့ရှိရလို့ စည်ပင်သာယာဥပဒေနဲ့ ဖမ်းဆီးအရေးယူနေပါတယ်။ တရားမဝင် ဖမ်းဆီးရမိတဲ့ အသားတွေကို စည်ပင်ပိုင်ဈေးတွေမှာ လေလံတင် ရောင်းချတယ်လို့ ဈေးနဲ့ သားသတ်ဌာနခွဲမှူး ဦးတင်စိုးက ပြောပါတယ်။ ဒီဇင်ဘာလအတွင်းမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဈေးနဲ့ သားသတ်ဌာနက တရားမဝင် အမဲသား ပိဿာပေါင်း ၂၂၇ ပိဿာကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒေးဝန်းအရှေ့ရပ်ကွက်ကနေ ဖမ်းဆီးမိတာဖြစ်ပြီး ရတနာပုံဈေးမှာ လေလံပေးခဲ့တာ ကျပ် ၉ သိန်းကျော် ရရှိပါတယ်။ တရုတ်ပြည်ဘက်ကို တင်ပို့မယ့် လိုင်စင်မဲ့ အသားတင်ပို့ ရောင်းဝယ် ပို့ဆောင်မူတွေကိုလည်း အရေးယူခဲ့ရာ အမဲသားခြောက် ပိဿာပေါင်း ၉၄၀ ကို အောက်တိုဘာမှာ အများဆုံး ဖမ်းဆီးရမိခဲ့တာပါ။ မန္တလေးမြို့မှာ စည်ပင်ပိုင် တောင်အင်း၊ မြောက်အင်းက သားသတ်ရုံတွေ ရှိသလို ဝက်အသားသတ်ရုံရှိဖို့ တည်ဆောက်နေပြီလို့ စည်ပင်ကော်မတီဝင်က ဆိုပါတယ်။ Photo - စည်ပင်ဈေးဌာန

A d v e r t i s e m e n t With Us

More News
Up