A d v e r t i s e m e n t With Us

တရုတ်အနောက်မြောက်ပိုင်းတွင် အအေးပြင်းထန်ပြီး နှင်းများ ထူထပ်စွာကျဆင်း

ဓာတ်ပုံ - ရိုက်တာ
ဒီနှစ်ဆောင်းရာသီအတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန့် ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အအေးအပြင်းထန်ဆုံးဖြစ်ပြီး နှင်းထူထပ်စွာကျဆင်းကာ လေပြင်းတွေ တိုက်ခတ်နေပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ နှင်းထူထပ်စွာ ကျဆင်းခဲ့ပြီး မြို့ပြဒေသမှာ နှင်းထု ၁၂ မီလီမီတာအထိ ကျဆင်းလိမ့်မယ်လို့ မြို့တော် လမ်ချီ မိုးလေဝသဌာနက ဆိုပါတယ်။ မြို့တော်လမ်ချီမှာ ဝန်ထမ်းအင်အား ၂ သောင်း ၅ ထောင်ကျော်နဲ့ စက်ယန္တရား ၁၀၀၀ ကျော် အသုံးပြုပြီး နှင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ယာဉ်သွားယာဉ်လာ ချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။ ရှင်းကျန့်ဒေသတောင်ပိုင်းမှာ လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် ခရီးသည်တင်ရထား ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားပါတယ်။ နှင်းမုန်တိုင်းတွေ တိုက်ခိုက်နေတာကြောင့် အိုင်မင်ကောင်တီရှိ လမ်းအတော်များများ ရှေ့မြင်ကွင်း ၅ မီတာအောက်ကိုသာ မြင်တွေ့ရပါတယ်။ ရှင်းကျန့်မြောက်ပိုင်း တချို့တောင်ပေါ်ဒေသတွေမှာ အပူချိန် အနုတ် ၃၄ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနိုင်ကြောင်း ဒေသ မိုးလေဝသဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up