A d v e r t i s e m e n t With Us

လိုက်ဘေးရီးယားသမ္မတ ဖြစ်လာသည့် ဂန္ထဝင်ဘောလုံးသမား ဂျော့ဝီယာ

ဓာတ်ပုံ - ရိုက်တာ
အေစီမီလန် ဂန္ထဝင်ကစားသမားတဦးဖြစ်တဲ့ ဂျော့ဝီယာဟာ လိုက်ဘေးရီးယားနိုင်ငံရဲ့ ၂၅ ယောက်မြောက်သမ္မတ ဖြစ်လာပါတယ်။ ၁၉၉၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်နဲ့ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု သုံးကြိမ်ရရှိခဲ့သူ ဂျော့ဝီယာဟာ လက်ရှိ ဒု-သမ္မတဖြစ်သူ ဂျိုးဆက်ဘိုအာကာဘီကို အနိုင်ရရှိခဲ့တာပါ။ ဂျော့ဝီယာဟာ သမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ မဲအများဆုံး ရရှိခဲ့ပေမယ့် မဲမပြတ်ဘဲ ဘိုအာကာဘီနဲ့ ဒုတိယအကြိမ် ယှဉ်ပြိုင်ခဲ့ရပြီး သမ္မတဖြစ်လာခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဆုံးရရှိခဲ့တဲ့ အာဖရိတိုက်သား ဂျော့ဝီယာဟာ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ မိုနာကို၊ မန်စီးတီးနဲ့ မာဆေးကလပ်တွေမှာ ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၁ မှာ ဒုတိယသမ္မတနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မန်ဒဲလားက ဂျော့ဝီယာရဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့တာကြောင့် အာဖရိကရဲ့ ဂုဏ်ကျက်သရေလို့ ခိုင်းနှိုင်းခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up