ကောင်းဆက်နိုင်ကို ထိုင်းလိဂ် ၂ ကလပ်က တနှစ်စာချုပ်ဖြင့် ခေါ်

2K
ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်း ကောင်းဆက်နိုင်ကို ထိုင်းလိဂ် ၂ ဆမွတ်ဆခွန်ကလပ်က ၂၀၁၈ ရာသီအတွက် တနှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ကောင်းဆက်နိုင်ဟာ ၂၀၁၆ ဘောလုံးရာသီက ဆမွတ်ဆခွန်အသင်းကို ၇ လ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ဖူးပါတယ်။
အခုစာချုပ်နဲ့ပတ်သက်ပြီး လစာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဆမွတ်ဆခွန်အသင်းဟာ ၂၀၁၇ ဘောလုံးရာသီက ထိုင်းလိဂ် ၃ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၈ မှာ ထိုင်းလိဂ် ၂ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ကောင်းဆက်နိုင်ဟာ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှာ ကျော်ကြားလာတဲ့ ကစားသမားတဦးဖြစ်ပြီး အာရှဖလားခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပဏာမ ကစားသမားစာရင်းမှာ ပါဝင်ပါတယ်။