A d v e r t i s e m e n t With Us

ဘယ်လ်ဂျီယံတွင် လေပြင်းတိုက်ပြီး ကရိန်းတစီး လူနှင့် အဆောက်အဦပေါ်လဲကျ၊ ၁ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဘယ်လ်ဂျီယံနိုင်ငံ ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ နျူးပို့တ်မြို့မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့ပြီး ကရိန်းတစီး လူနဲ့ အဆောက်အဦတွေပေါ် လဲကျခဲ့တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ္စည်းအတင်အချလုပ်နေတဲ့ ကရိန်းတစီး ပြိုကျရာမှာ လူနေအဆောက်အဦနှစ်ခုရဲ့ အပေါ်ထပ် အခန်း ၃ ခန်းနဲ့ အိမ်ခေါင်မိုးထပ်က အခန်း ၁ ခန်း ထိခိုက်ပျက်စီးခဲ့သလို ပါကင်မှာရပ်ထားတဲ့ ကား ၃ စီးလည်း ထိခိုက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ တော်ဝင် မိုးလေဝသ အင်စတီကျုက ကမ်းရိုးတန်းဒေသတွေမှာ အမြင့်ဆုံး တနာရီ ကီလိုမီတာ ၉၀ နှုန်းထိ လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့ အစောပိုင်းက ကြိုတင်သတိပေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up