ရုရှား ဈေးဝယ်စင်တာတခုတွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
1.4K
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ဈေးဝယ်စင်တာတခုမှာ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
သတ္တုအစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပြင်းအားဟာ တီအန်တီယမ်းအား ၂၀၀ ဂရမ်နဲ့ ညီမျှပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမရှိဘဲ ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသတ်ရန်ကြိုးပမ်းမှုနဲ့ အမှုဖွင့်ထားပါတယ်။
အဲဒီဗုံးကို ဈေးဝယ်သူတွေရဲ့ ပစ္စည်းထားရာ လော့ကာတခုထဲမှာ ဖွက်ထားခဲ့တာလို့ ရုရှားမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။