A d v e r t i s e m e n t With Us

မောင်တော တရိန်းကျေးရွာသား ထပ်မံအသတ်ခံရမှု ဒေသခံများ စိုးရိမ်နေကြ

မြိုလူမျိုး မိသားစုဝင်​များ
  ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းတရိန်းကျေးရွာက လယ်ကွင်းပြင်မှာ သတ်ဖြတ်ခံ ထားရတဲ့ မြိုလူမျိုးတဦးရဲ့အလောင်း တွေ့ရှိခဲ့တာကြောင့် တရိန်းကျေးရွာက ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အရင်က တရိန်းကျေးရွာကဒေသခံတွေ သတ်ဖြတ်ခံရမှုအပါအဝင် ဒီဇင်ဘာ ၂၆ ရက်နေ့ ကလည်း တရိန်းကျေးရွာက ဦးလောင်းပျော်ဆိုသူတဦး သတ်ဖြတ်ခံရလို့ တရိန်းကျေးရွာ ဒေသခံတွေဟာ ဖားရှာ-ငါးရှာမထွက်ရဲကြတော့ဘဲ ထပ်မံသတ်ဖြတ်ခံရမှာကို စိုးရိမ်နေ ကြတယ်လို့ တရိန်းကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်းစိုမောင်က ဒီဗွီဘီကိုပြောပါတယ်။ “ပထမ ရခိုင်တဦး အသတ်ခံရတုန်းကလည်း အဲ့ဒီမှာမှာပါ။ နောက်ပြီး သူတို့က တောတွေ မှာ ပုန်းနေတာတွေ ရှိတယ်။ ဒေသခံတွေ ဒီလို မကြာမကြာ သတ်ဖြတ်ခံရတယ်ဆိုတော့ တော်တော်လည်းကို စိုးရိမ်နေကြပြီ၊ တောတောင်တွေကို ထင်းခုတ်ဖို့ မသွားရဲကြတော့ဘူး။ ငါးရှာဖို့လည်း မသွားရဲကြတော့ဘူး။ ဘယ်ကိုမှ မထွက်ရဲကြတော့တာပါ”လို့ပြောပါတယ်။ တရိန်းကျေးရွာမှာတော့အိမ်ခြေ ၆၄ အိမ်နဲ့ လူဦးရေ ၄၀၀ ကျော်ရှိပြီး အနီးအနားက ကျေးရွာတွေက ဘဂါင်္လီတွေ ကျေးရွာတွေဖြစ်ကြတယ်လို့သူက ပြောပါတယ်။ “ရွာမှာတော့ လုံခြုံရေးရှိတယ်။ ဒါပေမယ့် အခုဖြစ်တာက ငါးရှာဖို့၊ ဟင်းရှာဖို့ ထွက်ကြတာ အဲ့ဒီမှာ သတ်ဖြတ်ခံရတာ။ လုံခြုံရေးတွေက ဖားရှာ၊ ငါးရှာတိုင်းမလိုက်ပေးနိုင်ဘူးလေ။ အဲ့ဒီလို့ မလိုက်နိုင်တဲ့ အခါကျတော် လပ်ရင်လပ်တဲ့ နေရာမှာလုပ်တာပဲ၊ အနီးအနားရွာတွေကတော့ အကုန် ဘင်္ဂါလီကျေးရွာဖြစ်တယ်။ လုံခြုံရေးအားနည်းတော့ ပိုဆိုးတာပေါ့။” အခုလို သတ်ဖြတ်ခံရတာရှိနေတာကြောင့် အရင်ကလို ငါးရှာဖို့၊ ဟင်းရှာဖို့ တောတောင်တွေ မသွားရဲကြတော့ဘဲ မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေနဲ့ ကြုံနေကြရတယ်လို့ ဒေသခံတဦးဖြစ်သူ တရိန်ကျေးရွာနေ ဦးဝါမော်က ပြောပါတယ်။ ၂၀၁၇ ခု၊ ဇွန်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်က တရိန်းကျေးရွာက မြိုတိုင်းရင်းသားနှစ်ဦးကို ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကိုခံခဲ့ရပြီး လက်ရှိ အခြေအနေအထိ ဒေသခံတွေကိုကတော့ ထပ်မံသတ်ဖြတ်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up